ကျွန်ပ်တို့သည် မြိတ်ဒေသ၏စီးပွားရေး ၊ လူမှုရေး ၊ ဂေဟစနစ်ရေးရာ နှင့် သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် လမ်းပန်းဆက်သွယ်မှုကောင်းမွန်အောင် ဆောင်ရွက်ရန်။
(၁) မြိတ်ကျွန်းစု၏ သယံဇာတများအကျိုးရှိစွာ ဖော်ထုတ်ပေးခြင်းဖြင့် ဒေသဖွံ့ဖြိုးမှုကို ဖော်ဆောင် ပေးရန်။
(၂) အသေးစားချေးငွေလုပ်ငန်းနှင့် အသက်မွေးဝမ်းကြောင်းသင်ကြားရေးလုပ်ငန်းများ တည်ထောင် ပေးခြင်းဖြင့် ဒေသ၏ လူမှုဖွံ့ဖြိုးရေးနှင့် လူနေမှုဘဝအဆင့်အတန်းမြှင့်တင်ပေးရန်။
(၃) မြိတ်ဒေသအား ပြည်တွင်းနှင့်နိုင်ငံတကာပိုမိုနီးကပ်စွာဆက်သွယ်နိုင်ရန် လမ်းများနှင့် အခြား ဆက်သွယ်မှုလမ်းကြောင်းများ တည်ဆောက်ပေးရန်။
(၄) မြိတ်ကျွန်းစုဒေသအား ဂေဟစနစ်ဆိုင်ရာနိုင်ငံတကာခရီးသွားများ ဆွဲဆောင်မှုအတွက် ဒေသ၏ သဘာဝ သယံဇာတ နှင့်ဂေဟစနစ်ဆိုင်ရာသယံဇာတများကို စောင့်ရှောက်ထိန်းသိမ်းရန်။